Myanmar Job

ပြည်တွင်းအလုပ်အကိုင်များနှင့် အလုပ်သမားရှာဖွေခန့်ထားရေး

အလုပ်ရှင်

အလုပ်ရှင်အသစ်မှတ်ပုံတင်ခြင်း

အလုပ်ရှင်အသစ်မှတ်ပုံတင်ရန် ပထမဦးစွာ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံး၌ မှတ်ပုံတင်ရန်လိုအပ်သည်။ မှတ်ပုံတင်ခြင်းပြီးစီးပါက မှတ်ပုံတင်ရာတွင် အသုံးပြု ခဲ့သော အီးမေးလ်လိပ်စာသို့ ရုံးမှ Password ပေးပို့ပေးမည် ဖြစ်ပါသည်။

အကောင့်အတွင်းသို့ဝင်ခြင်း

အလုပ်ခေါ်စာများ တင်ရန် ပထမဦးစွာ အကောင့်အတွင်းသို့ ဝင်ပါ။ ညာဘက်ထောင့်ရှိ "အလုပ်ရှင် Log-in ဝင်ရန်" ကို နှိပ်ပါ။ 1
မိမိ မှတ်ပုံတင်စဉ် အသုံးပြု ခဲ့သော အီးမေးလ်လိပ်စာ နှင့် ရုံးမှပေးပို့သော Password ကို ထည့်သွင်းပါ။ 2
အကောင့်အတွင်းသို့ ဝင်ရောက်ပြီးပါက မိမိအကောင့်ကို အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။ မိမိအမည်ကို ညာဘက်ထောင့်တွင် တွေမြင်ရမည်ဖြစ်သည်။ 3
မိမိအမည်ကို နှိပ်၍ အီးမေးလ် နှင့် Password ကို ပြန်လည်ပြင်ဆင်နိုင်သည်။ Myanmar Job » user » setting အပေါ်သို့ >>

လုပ်ငန်းအချက်အလက်ပြင်ဆင်ခြင်း

လုပ်ငန်းဆိုင်ရာ အကြောင်းအရာကို ထည့်သွင်းနိုင်ရန် "အလုပ်ရှင်အချက်အလက်" စာမျက်နှာမှ "ပြင်ရန်" ကို နှိပ်ပါ။ မှတ်ချက်။ ။ * ပြထားသော နေရာများကို မဖြစ်မနေဖြည့်သွင်းပေးရပါမည်။ 4
မိမိ၏ လုပ်ငန်းသည် လုပ်ငန်းနယ်ပယ်တစ်ခုထက်ပိုပါက အောက်ဘက်ရှိ “+” ကို နှိပ်၍ ထပ်မံဖြည့်သွင်းပါ။ မှတ်ချက်။ ။ အလုပ်လျှောက်ထားလိုသူမှ လုပ်ငန်း၏ သဘောသဘာဝကို သိရှိနိုင်စေရန် တတ်နိုင်သမျှ ပြည့်စုံစွာ ထည့်သွင်းပေးပါ။ 5
လုပ်ငန်းအသေးစိတ်အချက်အလက်များကို ထည့်သွင်းပြီးပါက "အလုပ်ရှင်အချက်အလက်သိမ်းပါ" ကို နှိပ်ပါ။ လုပ်ငန်းအချက်အလက် ပြင်ဆင်ပြီးပုံကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်။ 6
အပေါ်သို့ >>

အလုပ်အသစ်တင်ခြင်း

အလုပ်ခေါ်စာအသစ်တင်လိုပါက "အလုပ်အသစ်တင်ရန်" ကို နှိပ်ပါ။ အလုပ်လျှောက်ထားလိုသူမှ လုပ်ငန်းအသေးစိတ်ကို ကောင်းစွာသိရှိနိုင်ရန် အချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းသင့်သည်။ 7
ဘယ်ဘက်ရှိ အလုပ်တာဝန်နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ပေးနိုင်၍ ညာဘက်ရှိ အလုပ်အမျိုးအစားနေရာတွင် မိမိခေါ်ယူလိုသည့် အလုပ်နှင့် ဆီလျော်ရာကို ရွေးချယ်ပါ။ လုပ်ငန်းနယ်ပယ်နေရာတွင် မိမိ ယေဘူယျလုပ်ငန်းနယ်ပယ် နှင့် အမျိုးအစားကို ထည့်သွင်းပါ။ မှတ်ချက်။ ။ * ပြထားသော နေရာများကို မဖြစ်မနေထည့်သွင်းပေးရမည်။ 8
အခြားသက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထည့်သွင်းပြီး "အလုပ်ခေါ်စာအသစ်ထည့်" ကို နှိပ်ပါ။ 9
အလုပ်ခေါ်စာတစ်ခုထက်ပိုထည့်လိုပါက ထည့်နိုင်ပါသည်။ “အလုပ်နေရာထပ်တိုးရန်” ကို နှိပ်၍ ထပ်မံထည့်သွင်းနိုင်ပါသည်။ 10
အောက်ပါအတိုင်း အလုပ်ခေါ်စာအသစ်ကို တွေ့မြင်ရမည်ဖြစ်သည်။ အလုပ်လျှောက်ထားလိုသူများမှလည်း မိမိ၏အလုပ်ခေါ်စာကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။ 11
မိမိခေါ်ထားသော အလုပ်ကို လျှောက်ထားပြီးသူများကို ကြည့်ရန် "လျှောက်ထားအလုပ်သမား" ကို နှိပ်ပါ။ အောက်ပါအတိုင်း အလုပ်လျှောက်ထားသူများကို တွေ့နိုင်ပါသည်။ အလုပ်လျှောက်ထားသူ၏ ကိုယ်ရေးမှတ်တမ်းကို သိရှိနိုင်ရန် "အသေးစိတ်" ကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။ 12
အလုပ်သမားများထဲမှ မိမိအလုပ်နှင့် ကိုက်ညီသောသူများကို ရှာဖွေရန် "ကိုက်ညီအလုပ်သမား" ကို နှိပ်ပါ။ ကိုက်ညီသူများကို အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။ မှတ်ချက်။ ။ ဤစာမျက်နှာသည် မိမိခေါ်ယူလိုသော လုပ်ငန်းအမျိုးအစားကို လုပ်ကိုင်ရန် အရည်အချင်းရှိသူများ ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။ အလုပ်လျှောက်ထားသူများ မဟုတ်ပါ။ 13
အလုပ်လျှောက်ခန့်ထားလိုသူကို ၎င်း၏ ဖုန်းနံပါတ်မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ ဖုန်းနံပါတ်ကို ကိုယ်ရေးအချက်အလက်ထဲတွင် ကြည့်ရှုနိုင်ပါသည်။ 14
အပေါ်သို့ >>